Friday 21 September 2007

ခုနှစ်ပင်လိမ်ချောင်း


မိုးရေထည်း က Director

ကာကြီးကြီး ရေကြီးကြီး

မျက်စိတဆုံး ချောင်းရေတွေကဖုံး

ခုနှစ်ပင်လိမ်ချောင်း ရေတွေကဖောင်း

အကျယ်ဖတ်ရန်...

Thursday 20 September 2007

ပြင်ပေးကြပါ


မြန်မာလူမျိုးတွေက အရမ်းကို ယျဉ်ကျေးတယ်တဲ့ ။ ဒါက ကိုယ့်လူမျိုးကိုယ် ပင့်ပြီး ပြောတာ။ အဲဖော်ရွေတာကတော့ အမှန်ပဲ၊ အာနာတတ်တာလည်း အရမ်းပဲ။ သေသေချာချာ ပြန်ပြီး ဆန်းစစ်ကြည့်တော့ မြန်မာလူမျိုးတွေက ယျဉ်ကျေးသင့်တယ် လို့ ရှေးလူကြီးတွေ ဆုံးမခဲ့တဲ့ နေရာတွေမှာပဲ လိမ္မာယျဉ်ကျေးကြတာ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ယျဉ်ကျေး တဲ့ လူတွေ သိပ်မရှိသေးဘူး ။ ဒါကလည်း သတိမမူလို့ပါ ။

ကိုယ့်ရဲ့ ကိုယ်အမူအရာ ၊ စိတ်အမူအရာ တွေက တခါတလေ သူများတွေက အနှောက်အယှက် ဖြစ်ရုံတင်မကဘူး အတော်ရိုင်းတဲ့ အမူအရာတွေ အဖြစ်ပြောင်သွားတတ်တယ်။ ဘယ်သူတွေမှာ အတွေ့များ လည်းဆိုတော့ မိဘတွေ အမျိုးတွေက အလိုလိုက်ထားတဲ့သူတွေ ၊ အိမ်မှာ အငယ်ဆုံး ဆိုတဲ့သူတွေက ချွဲတာ နွဲ့တာ တွေ အကျင့်ပါပြီင်္းတော့ သူများတွေကိုလည်း ဒီလိုပဲပြောတတ် ဆိုတတ်ကြတယ် ။ အတွင်းသိတွေကတော့ ပြဿနာ မရှိပေမဲ့ တစိမ်းတယောက် အရှေ့မှာတော့ အလွန် ရုပ်ဆိုးတယ်။
ပြောချင်တာက ဒီနေ့တော့ အမြင်မတော်တာလေး ရေးမလို့ ။ပြောရင်း ပြောရင်း ဟိုရောက် ဒီရောက်ဖြစ်သွားတယ်။ တာမွေ အ၀ိုင်းလေးထိပ်ကို ကိုဂျက် အမြဲရောက်တယ် ။ ရောက်တယ်ဆိုတာထက် ဖြတ်သွားဖြတ်လာပေါ့ ။ တနေ့က အ၀ိုင်းထိပ် မီးပွိုင့်မှာ မီးနီနေလို့ လမ်းဘေးကြေညာ တွေလိုက် ဖတ်နေမိတယ် ။ ဗုဒ္ဓဘုရားပုံတော် နဲ့ ပိုးအိစံ သီချင်း ကြေညာ ထားတာတွေ့ရတယ်။ သီချင်းနဲ့ ပူဇော်ထားလို့ သာဓုလို့ ခေါ်မိတယ် ။ အဲသူ့ကြေညာနဲ့ တခုကျော်မှာတော့ဗျာ လုံးလုံး အမြင်မတော်တဲ့ ကြေညာတခုကိုတွေ့ရတယ်။ ရေဗက္ကာဝင်းနဲ့ ကြေညာထားတဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ ကိုတင်ထားတယ် ။
ကိုဂျက်ဒီဟာကို လုံးဝမကျေနပ်ဘူး ။ အရမ်းရိုင်းတယ်လို့ထင်တယ်။ မလုပ်သင့်ဘုပေါ့။ ဒါတောင် ကိုဂျက် ဗုဒ္ဓဘာသာမဟုတ်ဘူး ။ မြန်မာပြည်သားတယောက်အနေနဲ့ပြောတာ ။ အင်ဒိုနီးရှားမှာ ဒီလစဉ်သုံး ပစ္စည်းတွေ ကို TV မှာလွှင့်ရင်တောင် သူတို့ ဘုရားရှိခိုးတဲ့ အချိန် ၊ မိသားစုတွေ ၀ိုင်းပြီး TV ကြည့်တဲ့ အချိန်မှာဆို မလွှင့်ရဘူး ။
နောက်တခုက ကိုဂျက် ည ည အိမ်ပြန်ထမင်းစားရင် အရမ်းနောက်ကျတယ် ။ စောတဲ့အခါစောပေါ့။ ဗိုက်စာစာနဲ့ ကောင်းကောင်းစားနေတုန်း TV ကနေ ပညာပေးတခုဝင် လာတယ်။ မြစ်ကမ်းနဘေးမှာ အိမ်သာမဆောက်ဖို့ ဇတ်လမ်းတို ရိုက်ထားတာ။ တခန်းက မြစ်ထဲမှာ လှေစီးနေတဲ့ အတွဲ တယောက်နဲ့တယောက် ရေဆော့နေတုန်း သူတို့လက်ထဲ တခုခုရောက်လာပြီး ဆယ်ကြည့်တဲ့ အခန်း ။ အတော်ဆိုးတယ် ထမင်းစားလို့ကိုမရတော့ဘူး ။ တခါတလေ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို ညဘက် ဇာတ်လမ်းတွေ လွှင့်တဲ့အခါမှာ မပါစေချင်ဘူး ။ ဒီကိစ္စတွေက သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ ကိစ္စ။ ဖအေနဲ့ သမီး ၊မအေနဲ့ သား တွေ TV ကြည့်တဲ့ အခါ အနည်းနဲ့အများ ကသိကအောင့် ဖြစ်ရတယ်။ နောက်တခုက ဘုန်းကြီးကျောင်းတွေမှလည်း TV ရှိနေပြီ ။ သူတို့ ကြည့်တဲ့ အချိန်မှာ ဒီ ကြေညာတွေ နဲ့ဆိုရင် မသင့်လျှော်ဘူး။ ယျဉ်ကျေးမှုမရှိဘူးလို့ထင်တာပဲ ။ မယျဉ်ကျေးတာတွေ အများကြီးကျန်သေးတယ် ။ ဒါပေမဲ့ ခုလောလောဆယ် မကြေနပ်တာ အ၀ိုင်းလေးထိပ်က ကြေညာပဲ ။ ဘယ်သူ့ကို ပြောရမှန်းမသိလို့ ရင်ဖွင့်လိုက်တာ။ တာဝန်ရှိသူတွေ သတိထားမိပြီး ပြန်ပြင်ဆင်ဖို့ ပဲမျှော်လင့်မိတယ်။

အကျယ်ဖတ်ရန်...

Tuesday 11 September 2007

အောင်သပြေနဲ့ ကြိုနေမယ်

ဘယ်သူမဆို ကိုယ့်မွေးရပ် ၊ ကိုယ့်မိဘအိမ်ကို ပြန်ရောက်ရင် လုံခြုံနွေးထွေးတဲ့ စိတ်ခံစားမှု လေးရတတ်ကြတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကို ပြန်ရောက်ရင်ပဲ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုတွေနဲ့ အတိတ်ကို သတိရမိကြတာချည်းဘဲ.ကိုယ်နေခဲ့တဲ့ နိုင်ငံက ဘယ်လောက်ပဲဆင်းရဲဆင်းရဲ၊ ကိုယ့်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ မကောင်း မကောင်း၊ ကိုယ့်မိဘအိမ်က ဘယ်လောက်ပဲ နှုံချာ နှုံချာ တနေ့နေ့မှာ အဲ့ဒီနေရာလေးကို ပြန်ရောက်ရင်တော့ စိတ်လက်ပေါ့ပါးပြီး ဘ၀အမောတွေ ပြေပျောက်သွား မှာပဲ။
ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ မြန်မာတွေအားလုံးကိုနားလည်တယ်။ သူတို့တွေ အမိမြေကို ဘယ်လောက် လွမ်းလိုက်မလဲ ၊ ရွှေရောင်တွေ ၀င်းနေတဲ့ ဘုးရားတွေကို ဘယ် လောက် ဖူးချင် လိုက်မလည်း။ တိုင်းရင်းသား ဘာသာစကားတွေကို ဘယ်လောက် ပြောချင်လိုက်မလည်း ၊ တွေးကြည့်လိုက်တာနဲ့ သူတို့အားလုံးကို ပြန်ခေါ်ချင်တယ်။
သူတို့တွေလည်း ပြန်လာချင်မှာပဲ ၊ ကျွန်တော်တို့တွေလည်း သူတို့ကိုခေါ်ချင်တယ် ။ ဘာကြောင့်လည်း ။ တချိန်က အာရှမှာ ခြင်္သေ့ တကောင်ဖြစ်ခဲ့တဲ့ မြန်မာ ကို ဒီနေ့ ကမ္ဘာ ဇတ်ခုံပေါ်မှာ ပြန်တွေ့ရဖို့ဆိုတာ သူတို့တွေရဲ့ အားတွေလိုတယ် ။ သူတို့ကို ခေါ်ပြီးခိုင်းတာ မဟုတ်ဘူး ။ သူတို့ ကိုအားကိုးတာ။ ယုံယုံကြည်ကြည်နဲ့ ကို အားကိုးတာ။ သူတို့ကို ရှေ့ဆောင်ခိုင်းတာ ။ ပြည်တွင်းက ပညာတတ် စီးပွားရေး လူကြီးလူငယ်တွေ ၊ မိဘပြည်သူတွေနဲ့ ပြည်ပက မြန်မာအတတ် ပညာရှင်တွေ ပူပေါင်းလိုက်ရင် မြန်မာ ကတော့ အာရှမှာ ပြန်လည်နေရာရလာမှာပဲ။
ဒါပေမဲ့ ခုချိန်မှာ သူတို့ လာချင်ရင်တောင် ကျွန်တော်တို့ မခေါ်ဘူး။ တိုင်းပြည် မကောင်းသေး တဲ့ ဒီအချိန်မျိုးမှာ သူတို့ကို ကျွန်တော်တို့နဲ့ အတူ နွံမနစ်စေချင်သေးဘူး ။ ဘာလို့ဆို မြန်မာပြည်သူတွေ လိုချင်တာမရသေးလို့ပဲ ။ လိုချင်တာရပြီဆိုတာနဲ့ မြန်မာပြည်မှာ ရှိတဲ့ လူတိုင်း ပင်ပန်းနေလောက်ပြီ ။ ဒါကြောင့် ပြန်လည်တည်ထောင်ရေးမှာတော့ ပြည်ပက မြန်မာ ပညာရှင်တွေ အားမာန်အပြည့် နဲ့ ပါဝင်လုပ်ဆောင်စေချင်တယ်။
တရုပ်ပြည်လိုပေါ့ ။ သူတို့ နိုင်ငံ ကို အမေရိကန်က ၀င်တိုက်ပြီး စစ်လျှော်ကြေးအနေနဲ့ တရုပ် ခောတ်လူငယ် တွေကို အမေရိကန်မှာ ကြိုက်ရာ ဘာသာရပ်တွေကို သင်စေခဲ့တယ် ။ ဒါကဘောက်ဆာတော်လှန်ရေး ။ သူတို့ ပညာတွေတတ်လာတော့ အမေရိကန်က ပြန်မလွှတ်ချင်ဘူး ။ ဒါပေမဲ့ သူတို့တိုင်းပြည် ပြန်တည်ထောင် ဖို့အတွက် နိုင်ငံကို ပြန်လာကြတာပဲ။ အဲ့ဒီထဲက တယောက်ဆိုရင် နာဆာမှာလုပ်တယ် ။ ဒုံးပျံတွေကို တည်ဆောက်ပေးရတယ် ။ ဒီအချိန်မှာ တရုပ်ကအရမ်းတိုးတက်နေတော့ အမေရိကန်နိုင်ငံက တရုပ်ပညာရှင်တွေကို ကြောက်လာတာနဲ့ သူတို့ကို တရုပ်ပြည် ပြန်ပို့လိုက်တယ် ။ နိုင်ငံပြန်ရောက်တာနဲ့ ဒီပညာရှင်တွေက ဒုံးပျံတွေထွင် ဘာတွေထွင်နဲ့ အာရှ ကျားဖြစ်လာတယ် ။ဒါက စာရေးဆရာ ဘိုးလှိုင်ရေးတဲ့ ပိုးချည်မျှင် မိုးနဂါးထဲက မှတ်မိတာ ပြောတာ။
မြန်မာပြည်က အရမ်းသေးတယ်။ တပြည်နယ် နဲ့ တပြည်နယ်ခွဲထွက်လိုက်ရင် မလွယ်ဘူး ။ ဒါကြောင့်ပြောတာ ဒို့ ဗိုလ်ချုပ်ရဲ့ စကားတွေ ဟာ ဒီနေ့ထိ သွေးထွက်အောင်မှန်နေသေးတယ်။ ဒါကြောင့် မြန်မာပြည်သားတိုင်း ပြည်ထောင်စုကြီး အစိတ်စိတ် မဖြစ်ဖို့ ကာကွယ်ရမယ် ။
ရီစရာပြောရရင်ဗျာ ကိုဂျက်က ငပလီ သွားချင်ရင် ဗီဇာလုပ်ရ ၊တောင်ကြီးသွားချင်ရင် ဗီဇာလုပ်ရနဲ့ နောက်ပြီး ပိုက်ပိုက် လည်း ခဏခဏ လည်းရအုန်းမယ် ။ ဒီကြားထည်း နိုင်ငံသားခံခိုင်းရင် ဘယ်နိုင်ငံသားခံရမှာလည်း ။ ကိုဂျက် မှတ်ပုံတင်လာကြည့် ။ချင်း ကရင် ရှမ်း တဲ့…….. ဟားဟား ဘယ်နိုင်ငံသားခံရမှာလည်း ။ ရီစရာပြောတာပါ။
ပြောချင်တာကဗျာ မြန်မာပြည်သားတိုင်း တစိတ်တ၀မ်းတည်းရှိဖို့ ၊နောက်ပြီး တိုင်းတပါးမှာ ရောက်နေတဲ့ ကိုရွှေမြန်မာတွေ ဘ၀မမေ့ ဖို့နဲ့ မြန်မာနိုင်ငံသားတိုင်း ခေါင်းမဖော်နိုင်တဲ့ အလုပ်တွေကို မလုပ်မိစေဖို့ပါ။ နောက်မြန်မာနိုင်ငံကလူတွေ အိမ်ကြက်ချင်း အိုးမည်းသုပ်ပြီး မခွတ်မိဖို့ ၊ ဘုန်းကြီးခေါင်းခေါက်ပြီး ဆောရီးလို့ မပြောမိဖို့ ၊ မျက်လုံးတွေ ဖွင့်ပြီးကြောက်တတ်ကြဖို့ ၊ အမှားအမှန် ခွဲခြားသိဖို့နဲ့ တနပ်စားအကြံတွေကို မကြံစည်ကြဖို့ ပြောချင်တယ်။
ကိုဂျက်တွေးမိတာပြောတာပါ ။ လွတ်လပ်စွာပြောဆိုကြည့်တာပါ။ ဘယ်သူနစ်နာပါစေဆိုပြီး ရေးတာမဟုတ်ဘူး။ လွတ်လပ်တဲ့ တနေ့မှာ မြန်မာနိုင်ငံသားတိုင်း ကိုယ်ချစ်တဲ့ ဒီတိုင်းပြည်မှာ ကိုယ်ချစ်တဲ့ လူတွေ၊ တိုင်းရင်းသား ညီအကိုတွေနဲ့ လက်ရည်တပြင်တည်း ထမင်းစားနိုင် ကြပါစေ။

အကျယ်ဖတ်ရန်...

Tuesday 4 September 2007

ငိုနေမယ် မိုးသည်းထဲမှာ

သူများတွေကတော့ ကိုဂျက် စီမီနာ မတက်ချင်လို့ ၊ဘာမှ ကူမလုပ်ချင်လို့ ပျောက်နေတယ် ထင်တော့မယ် ။ ထင်လည်းခံရမှာပေါ့ ၊ရှင်းလည်းမပြတတ်တော့ဘူး။Email ၀င်လာရင်လည်း နောက်ကျပြီး ၃ ၊၄ ရက်နေပြီးမှ ဖတ်ဖြစ်တယ်။ ဖုန်းဆက်ရင်ရော ၊ ကိုယ့်ဖုန်းကို မေ့ပြီး တနေကုန် မဖွင့်ပဲထားတော့ ဘယ်သူမှခေါ်လို့ရ မှာမဟုတ်ဘူး။ forum မ၀င်ဘူးလား ဆိုရင်တော့ email တောင် မဖွင့်အားတာ ၊ ကွန်ပျူတာရှေ့မှာ တနေကုန် ရှိနေပေမဲ့ online ပေါ်မရောက်ဘူး။ ဒီကြားထဲ virus စစ်တပ် က ကွန်ပျူတာတွေ ကို ၀င်မွှေသွားတာ တိုက်ပွဲကျတဲ့ ကွန်ပျူတာတွေ ကို ဆေးကုပေးရနဲ့ မအားလိုက်ဘူး။

ကိုယ်ရေးကိုယ်တာ ကိစ္စထက် အလုပ် ကိစ္စက ပိုများနေတယ်ထင်တာဘဲ။ ကိုယ့် အလုပ်မှာ ကိုယ်က အကြီးဆုံး ။ ပြဿနာ ၁ခုခု တက်လာရင် ကိုယ်ပဲဒိုင်ခံရှင်းပေးရမှာ ။ ၀န်ထမ်းကလည်း ကိုယ်ပါမှ ၃ ယောက်။ ဒီကြားထည်း ကိုဂျက်လျှာရှည်ပြီး ဂီတာ ဆရာကို ဆိုင်ပင့်ပြီး သင်လိုက်တော့ ပိုဆိုး။ မအားတဲ့ ကြားထဲက သင်ရတာဆိုတော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလိုပေါ့။ တနေ့တနေ့ ပြူးပြူးပြဲပြဲ ဘယ်နေ့ရောက်လို့ ရောက်မှန်းလည်းမသိ။
ကိုယ့်အလုပ်နဲ့ ကိုယ် မျက်ဖြူဆိုက်နေရတဲ့ ကြားထဲ ဒီဇယ်ဈေးက heaven ပေါ်တက်သွားတော့ ပက်လက်လန်ရော ။ ကိုယ်က မီးနဲ့လုပ်စားနေတာ ၊ မီးပျက်တော့ မီးစက်မောင်း ၊ ဒါလည်းရသေးတယ် ။ ဆီဈေးမတက်ခင်ကပေါ့နော် ။ ခုတက်သွားတော့ တော်တော်ညစ်သွားတယ်။ အဲ ကိုယ့်ဂီတာဆရာကလည်း သောက်သောက် စားစား ဆိုတော့ တခါတလေ တရက်ကို ၃ - ၄ နာရီ ထိုင်ပြီးရစ်နေတတ်တယ် ။ သူလာရင် ကိုယ်အလုပ် တွေဖျက်ပြီး သူ့နားမှာ နေပေးရတယ် ။ ရှင်းရှင်းပြောရရင် ကိုယ်ကြိုက်တဲ့ ကောင်မလေးနား မှာတောင် ၃ - ၄ နာရီမပြောနဲ့ ၅ မိနစ်တောင် နေဘူးတာ မဟုတ်ဘူး …။
ကိုဂျက်မအားတဲ့ အကြောင်းဘဲ ပြောတာပါ ၊ ဒီလို အသင်းအဖွဲလိုက် လုပ်တဲ့ ကောင်းတဲ့ ဘယ်ကိစ္စမဆို ကိုဂျက်စိတ်ဝင်စားတယ် ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးတဲ့ အချိန်မို့ စီမီနာမှာ လာမကူညီနိုင်တာကို ခွင့်လွှတ်ပေးစေချင်တယ်။ စိတ်ဆိုးတယ်ဆိုလည်း လမ်းလျှောက်ပြီး မုန့်တွေဝယ်ကျွေးမယ်နော်………..

အကျယ်ဖတ်ရန်...

Powered By Blogger