Tuesday 4 September 2007

ငိုနေမယ် မိုးသည်းထဲမှာ

သူများတွေကတော့ ကိုဂျက် စီမီနာ မတက်ချင်လို့ ၊ဘာမှ ကူမလုပ်ချင်လို့ ပျောက်နေတယ် ထင်တော့မယ် ။ ထင်လည်းခံရမှာပေါ့ ၊ရှင်းလည်းမပြတတ်တော့ဘူး။Email ၀င်လာရင်လည်း နောက်ကျပြီး ၃ ၊၄ ရက်နေပြီးမှ ဖတ်ဖြစ်တယ်။ ဖုန်းဆက်ရင်ရော ၊ ကိုယ့်ဖုန်းကို မေ့ပြီး တနေကုန် မဖွင့်ပဲထားတော့ ဘယ်သူမှခေါ်လို့ရ မှာမဟုတ်ဘူး။ forum မ၀င်ဘူးလား ဆိုရင်တော့ email တောင် မဖွင့်အားတာ ၊ ကွန်ပျူတာရှေ့မှာ တနေကုန် ရှိနေပေမဲ့ online ပေါ်မရောက်ဘူး။ ဒီကြားထဲ virus စစ်တပ် က ကွန်ပျူတာတွေ ကို ၀င်မွှေသွားတာ တိုက်ပွဲကျတဲ့ ကွန်ပျူတာတွေ ကို ဆေးကုပေးရနဲ့ မအားလိုက်ဘူး။

ကိုယ်ရေးကိုယ်တာ ကိစ္စထက် အလုပ် ကိစ္စက ပိုများနေတယ်ထင်တာဘဲ။ ကိုယ့် အလုပ်မှာ ကိုယ်က အကြီးဆုံး ။ ပြဿနာ ၁ခုခု တက်လာရင် ကိုယ်ပဲဒိုင်ခံရှင်းပေးရမှာ ။ ၀န်ထမ်းကလည်း ကိုယ်ပါမှ ၃ ယောက်။ ဒီကြားထည်း ကိုဂျက်လျှာရှည်ပြီး ဂီတာ ဆရာကို ဆိုင်ပင့်ပြီး သင်လိုက်တော့ ပိုဆိုး။ မအားတဲ့ ကြားထဲက သင်ရတာဆိုတော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလိုပေါ့။ တနေ့တနေ့ ပြူးပြူးပြဲပြဲ ဘယ်နေ့ရောက်လို့ ရောက်မှန်းလည်းမသိ။
ကိုယ့်အလုပ်နဲ့ ကိုယ် မျက်ဖြူဆိုက်နေရတဲ့ ကြားထဲ ဒီဇယ်ဈေးက heaven ပေါ်တက်သွားတော့ ပက်လက်လန်ရော ။ ကိုယ်က မီးနဲ့လုပ်စားနေတာ ၊ မီးပျက်တော့ မီးစက်မောင်း ၊ ဒါလည်းရသေးတယ် ။ ဆီဈေးမတက်ခင်ကပေါ့နော် ။ ခုတက်သွားတော့ တော်တော်ညစ်သွားတယ်။ အဲ ကိုယ့်ဂီတာဆရာကလည်း သောက်သောက် စားစား ဆိုတော့ တခါတလေ တရက်ကို ၃ - ၄ နာရီ ထိုင်ပြီးရစ်နေတတ်တယ် ။ သူလာရင် ကိုယ်အလုပ် တွေဖျက်ပြီး သူ့နားမှာ နေပေးရတယ် ။ ရှင်းရှင်းပြောရရင် ကိုယ်ကြိုက်တဲ့ ကောင်မလေးနား မှာတောင် ၃ - ၄ နာရီမပြောနဲ့ ၅ မိနစ်တောင် နေဘူးတာ မဟုတ်ဘူး …။
ကိုဂျက်မအားတဲ့ အကြောင်းဘဲ ပြောတာပါ ၊ ဒီလို အသင်းအဖွဲလိုက် လုပ်တဲ့ ကောင်းတဲ့ ဘယ်ကိစ္စမဆို ကိုဂျက်စိတ်ဝင်စားတယ် ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးတဲ့ အချိန်မို့ စီမီနာမှာ လာမကူညီနိုင်တာကို ခွင့်လွှတ်ပေးစေချင်တယ်။ စိတ်ဆိုးတယ်ဆိုလည်း လမ်းလျှောက်ပြီး မုန့်တွေဝယ်ကျွေးမယ်နော်………..

1 comment:

MELODYMAUNG said...

ကိုဂျက်ရေ မအားမှန်းသိပေမဲ့ လာစေချင်လို့ မျှော်မိပါသေးတယ် စိတ်မဆိုးပေမဲ့ စိတ်မကောင်းပါဘူး ဒီပို့စ်လေးနဲ့ ရှင်းပြတော့လဲ ခွေးလွှတ်ချင်စိတ်ပေါက်သွားပါတယ် လမ်းလျှောက်ပြီး မုန့်တွေဝယ်ကျွေးမယ်ဆိုတာတော့ တကယ်ပြောတာလားဟင် ကတိနော် ငှက်ငှက်ငှက်

Powered By Blogger