ဗမာတွေက အရမ်းအလွယ်လိုက်တယ်။ တခါတခါပျင်းတယ်။ တခါခါ မပျင်းပဲနဲ့လည်း ကိုယ်ရှိတာလေးနဲ့ တင်းတိမ်ကြေနပ်နေတတ်တယ်။ ဒါကြောင့်လည်း ချစ်လို့တီးတဲ့ ချစ်တီးတွေ လက်ထက်မှာ ရှိတာလေးတွေ ပါကုန်ရော။ဥစ္စာဓန တင်မဟုတ်ပါဘူး မြန်မာအမျိုးသမီးငယ်တွေလည်း ပါသွားတာပဲ။ ဒါက သမိုင်းမှာ ငြင်းမရတဲ့အချက်။ ခဲတခါမှန်ဘူးတဲ့ ငှက်တကောင်လို မြန်မာတွေ သတိထားကြိုးစားခဲ့ကြပေမဲ့ မျိုးဆက်အလီလီ ခြားနေတဲ့ ဒီခောတ်ကြီးမှာ ဒီတချက်က မေ့နေလောက်ရောပေါ့။ မမေ့ရင်တောင် မသိတာလည်းဖြစ်ချင်ဖြစ်မှာ။ ဘာလို့ ဒါကိုပြန်ပြောနေတာလည်း မေးရင် ဒီကနေ့ အခြေအနေမှာ ဒီကိစ္စကို ပြန်တွေ့ရလို့ပဲ။ တွေ့တဲ့လူကတော့ ပြောမှာပဲ။ ပြောတိုင်းလည်း မယုံနဲ့ ။ ကိုယ်တိုင် အထူးသဖြင့် တိုးတက်ပါတယ်ဆိုတဲ့ ရန်ကုန်မှာ မင်းနေ နေတာဆိုရင် ကိုဂျက် ပြောတာတွေနဲ့ ချိန်ထိုးကြည့် ။ ပီးမှ အပိုပါဆိုရင် ကိုဂျက် အစိုးရိမ်လွန်တာလို့ တွေးပီး ခွင့်လွှတ်ပေးကြပေါ့။
အိမ်ပေါ်ကဆင်းပီး လမ်းပေါ် ခြေချမိတာနဲ့ ပထမဆုံး တွေ့ရတာက သူဖုန်းစား။ အသက်က ရှိမှ အလွန်ဆုံး လေး ၊ ငါး ၊ ခြောက်နှစ် ။ ခေါင်းပေါ်မှာ ဗန်းတဗန်းနဲ့ စပါးတွဲ တွေကအပြည့်။ အ၀တ်က ချေး အထပ်ထပ်။ ကောင်းလေးမှန်းမသိ၊ ကောင်မလေးမှန်းမသိရတဲ့ သနားစရာပုံစံအပြည့်။ မျက်နှာကလည်း ဖုန်းအလိမ်းလိမ်းနဲ့ နှာခေါင်းနဲ့ ပါးစပ်ကြားမှာလည်း နှပ်ချေးကြောင်းလေးကထင်းလို့။ စိတ်ထဲမှာတော့ ဪ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ကို ရုန်းကန်နေရပါလားလို့သနားမိတယ်။ သနားလို့တောင်မဆုံးသေးဘူး အကိုကြီး ထမင်းဖိုးလေး။ တောင်းပီ။ ကိုယ်က သနားလို့ပေးလိုက်ရင် အလွယ်တောင်းလို့ရတာပဲဆိုတဲ့ စိတ်ဝင်ပြီး ဈေးမရောင်းမှာလည်းစိုးရသေးတယ်။ အဲကားမှတ်တိုင်လည်းရောက်ရော မိသားစုလိုက် လိုင်းကားတွေ ထိုင်ကန်တော့နေတာတွေ့ရသေးတယ်။ သူတို့ ကန်တော့တိုင်း လူတွေက ပိုက်ဆံတွေချချသွားတော့ ညနေပိုင်း သူတို့ ထမင်းဝိုင်းက အတော်ဆိုပြေတယ်ဆိုပဲ။ မီးပွိုင့်မှာ ကားရပ်ထားတော့လည်း ကလေးတွေဗျာ။ မြင်မကောင်းပါဘူး။ အများကြီးပဲ ကလေးတွေနည်းတာမဟုတ်ဘူး။ ကလေးက ကလေးပေါက်စတွေချီပီး ကားကြိုကားကြားထဲ လျှောက်သွားနေတာ အတော် အသည်း ယားစရာကောင်းတယ်ဗျာ။မတော်လို့တိုက်လိုက်ရင် အင်း……မတွေးရဲစရာပါပဲ။ သူတို့ကတောင်း ပြီးရင် အကွယ်တခုမှာ စောင့်နေတဲ့ သူတို့လူကြီးတွေဆီသွားပေး၊ အတော် တရားကျဖို့ကောင်းတယ်။ တခါတခါများ နိုင်ငံခြားသားကို တွေ့လို့ကတော့ သူတို့ အမဲပဲ၊ မပေးမချင်း မခွာတော့ဘူး။
အဲ ရပ်ကွက်ထဲက ကုလားလေးတွေကျတော့တမျိုးဗျာ။ သူတို့လည်း အသက်ကရှိမှ အလွန်ဆုံး ခြောက်နှစ်၊ခုနှစ်ပေါ့။ သူတို့ ပုခုံးပေါ်မှာ ၀န်နဲ့ အားမမျှတဲ့ ထန်းပိုးကြီးတွေ နဲ့ အိတ်ကြီးကြီးတွေ။ ပိုက်ဆံအိတ်လေးခါးကြားထိုးလို့ ဘာဝယ်တယ်၊ညာဝယ်တယ်နဲ့ ရွာရိုးကိုးပေါက် လျှောက်ပြီးလိုက်ဝယ်နေတယ်။ ဘုရင့်နောင်ဈေးထဲမှာလည်း ဒီလိုပဲ ကုလားပေါက်စလေးတွေ ။ မုန့်ဖိုးရလောက်ရုံ တွေ့ရာအလုပ်တွေလုပ်နေလိုက်ကြတာ အတော်သနားဖို့ကောင်းတယ်။
နောက် လူကြီးတွေ ကိုယ်အင်္ဂါအပြည့်အစုံ ရှိရက်နဲ့ လိုက်တောင်းနေလိုက်ကြတာ ။ ကိုဂျက်မှာ ဦးလေးတယောက်ရှိတယ်။ သူက နည်းနည်း ကပ်စည်းနည်းတယ်။ တခါက သူ့ကို သန်သန်မာမာ လူတယောက်က တောင်းရော။ သိတဲ့အတိုင်း သူက ဟေ့ကောင် မင်းက သန်သန်မာမာနဲ့ အလုပ်မလုပ်ပဲ ဘာလို့တောင်းစားတာလည်း လို့မေးတော့ ခင်များက အလုပ်ပေးမှာလားတဲ့ ။ကောင်းရော။ တခါတခါ အိုကြီး အိုမ တွေ မီးပွိုင့်မှာလိုက်တောင်းနေကြတယ်၊ တချို့က ဆီဆိုင်တွေမှာ ဘယ်နေရာကြည့်ကြည့် သူတောင်းစားကြီးပဲ။
ကိုဂျက်အတွေ့အကြုံတခုပြောပြမယ်။ ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်း မိသာစုတစု ကို လှမ်းတွေ့လိုက်ရတယ်။ ကိုဂျက်ကစပ်စုတတ်တော့ လိုက်ကြည့်နေမိတယ်။ ကိုဂျက်ကားရှည့်တည့်တည့်လာပြီး “ မိန်းမရေ ဘယ်လိုပြန်ရမလည်း” မျက်စိသူငယ် နားသူငယ်ပုံစံနဲ့ သရုပ်ဆောင်နေကြတယ်။ နောက်ပြီး ကိုဂျက်နားလာပြီး တညင်ကို ဘယ်လိုပြန်လည်း ဘာညာနဲ့ ကားခလာတောင်းတယ် ။ ကိုဂျက်လည်း ပေးလိုက်ပါတယ်။
နောက်တပတ်ကြာပြီးတော့ သူတို့ကို ဆီဆိုင်မှာပြန်တွေ့ရတယ်။ သူတို့ကတော့ ကိုဂျက်ကို မှတ်မိပုံမရဘူး ။ထုံးစံအတိုင်း ကားရှေ့လာပြီးတော့ သရုပ်ဆောင်ပြန်တယ်။ ပြီးတော့ ကိုဂျက်နားလာပြီး တညင်ဘယ်လိုပြန်လည်းမေးတယ်။ ကိုဂျက်လည်းပြောလိုက်တယ် ၊ မင်းတို့ ဇတ်ပြောင်းကတော့ ဆိုတော့ မိသားစုတစုလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။
သူတို့ထက်ဆိုးတဲ့ သူတောင်းစားအကြီးစားရှိသေးတယ်။ ဒါးပြခေါ်မလား ၊ ဧဒါးပြပေါ့နော်။ သူတို့က အိမ်တိုင်ရာရောက် လိုက်တောင်းကြတယ်။ စေတနာရှိသလောက် အနည်းဆုံး ၅၀၀ ထည့်ဝင်ခိုင်းတတ်ကြတယ်။ဟိုကျောင်းတိုက် ဒီကျောင်းတိုက် ကို အကြောင်းပြပြီးတော့ကိုတောင်းတာ။
ဒါးပြဆိုလို့ ကိုဂျက် အဖွားတွေလက်ထက်က တကယ်အဖြစ်အပျက်တခုပြောပြမယ်။ရွာမှာက ညဆို မီးမရှိတော့ စောစောအိပ်ကြတယ်လေ။ တညမှာ အိမ်တအိမ်ကို လူတယောက်က ဒါးပြ၀င်တိုက်တယ်။ သူက ဒါးပြအစစ်မဟုတ်ပါဘူးတဲ့ ။ ငွေနည်းနည်းလိုလို့ လာတောင်းတာပါတဲ့။ ဂတ်တော့မတိုင်ပါနဲ့ တဲ့ ၊ ဒီနေ့ကစလို့ ၁လပြည့်တဲ့နေ့မှာ ငွေပြန်လာစပ်ပါမယ်ဆိုပြီး ငွေတောင်းသွားတယ်။ တကယ်ပဲ ၁လ ပြည့်တဲ့ ညမှာ ပိုက်ဆန် ပြန်လာပေးသွားတယ်။
ဒီနေ့ခောတ်လည်းဒီလိုပဲ ကလေးတွေက လူကြီးတွေ သင်ပေးတဲ့အတိုင်းတောင်းစာ။ လူကြီးတွေကလည်းတောင်းစာ။ မိန်းကလေးတွေက ခန္ဓာကိုရောင်းစား။ အတော်လေးကို အခြေအနေဆိုးပါတယ်။ ကိုဂျက်ကို လူတယောက်ကပြောတယ်။ မင်းတို့လို တော်တဲ့ ကြိုးစားတဲ့ ကလေးတွေ ဒီနေ့ မြန်မာပြည်မှာမရှိသင့်ဘူးတဲ့။ တိုင်းပြည်တခုပြန်တည်ထောင်တယ်ဆိုတာမှာ ခုကတည်းကစပြီး ကလေးကစပြီး လူကြီးအထိ ပြုပြင်ပြောင်းလည်းထားရမယ်တဲ့။ ဒါမှ တိုင်းပြည်ပြောင်းလဲတဲ့အချိုန်မှာ အားလုံးအဆင်ပြေမှာတဲ့။ မဟုတ်ရင်တော့ အစိုးရပြောင်းလဲသွားရင်တောင် တိုင်းပြည်တိုးတက်ဖို့ဆိုတာ နောက် ၁၀ နှစ် ၁၅ လောက်ကြာတောင် တိုးတက်မှာ မဟုတ်ဘူးတဲ့။ ဟိုးတချိန်ကဖြစ်ပျက်တာတွေနဲ့ ဒီနေ့မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ ကျောရိုးအတူတူမို့ သတိထားရတော့မယ် ။ နို့မဟုတ်ရင် ဒို့ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်နေပါအုန်းမယ်ဗျာ။

4 comments:
ကိုဂျက်ရေ..
ရေးထားတာ ရင်နင့်ဖို့ ကောင်းပါတယ်..
ကျနော်လဲ ရန်ကုန် ပြန်ဖြစ်ရင် သူဖုန်းစားတွေကို တတ်နိုင်သလောက် ကူညီပါဦးမယ်.. အင်း မလွယ်ပါဘူးဗျာ.. ဒီနိုင်ငံကတော့
http://kadaung.blogspot.com
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Webcam, I hope you enjoy. The address is http://webcam-brasil.blogspot.com. A hug.
အကိုရေ..
မြန်မာပြည်ကောင်းစားဖို့ ဆိုရင် နောက်မျိုးဆက်
ကိုငါးနှစ်သားကလေးတွေကစပြီးသေချာပျိုးထောင်မှဖြစ်
တော့မယ်ထင်ပါရဲ့ ..ဘာလို့ လဲဆိုတော့အရွယ်ရောက်ပြီး
အသိဥာဏ်ရှိတဲ့သူများများကစနစ်တကျနဲ့ ပျက်စီးနေကြပြီ
လေ..အခုတော့ကိုယ်တတ်နိုင်သလောက်လေးကိုကူညီ
ဖို့ ပဲစဉ်းစားတော့တယ်ဗျာ..တွေးရင်တကယ်စိတ်ပင်ပန်း
လို့ ပါ...စာတွေဆက်ရေးနိုင်ပါစေ.
Post a Comment