Monday 14 May 2007

မမေ့နိုင်သောနေ့တနေ့

အချိန်က ၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလ တရုတ်နှစ်သစ်ကူးည တည ။ နီရွန်မီးရောင်အောက်က ရန်ကုန်မြို့ရဲ့ အ လှက ရှုမငြီးလှပနေသည် ။ အင်းယားကန်ဘောင် ၊ မြကျွန်းသာ ပန်းခြံတွေထဲမှာ လူတွေကလည်း ကြက်ပျံမ ကျ စည်ကားနေသည် ။ အားအား မနေတတ်တဲ့ ကျွန်တော်တယောက် ၊ စာပွဲပေါ်တင်ထားတဲ့ ကားသော့ကို ဆတ်ခနဲ ကောက်ယူလိုက်ပါတယ်။ ကျွန်တော့် အသက်ကလည်း ၂၀ ၊ရန်ကုန်တက္ကသိုလ်မှာလည်း တက်နေ တာဆိုတော့ ဘ၀င်ကလည်း ခပ်မြင့်မြင့်နဲ့ပေါ့ ။ငါဟဲ့ တက္ကသိုလ်ကျောင်းသား ၊ဘယ်သူ့စကားမှ နားထောင်စရာ မလိုဘူးလို့ထင်နေတဲ့အရွယ်ပေါ့။ ကားသော့စကိုင်ကတည်း သတိထားအမြဲပေးတတ်တဲ့ အမေ ဒီတခါတော့ ကျွန်တော် ကားသော့ကို ယူပြီးလစ်သွားတာကို သတိမထားမိလိုက်ဘူး။ကားသော့ကိုဖွင့်ပြီးလီဘာကို၂ချက်လောက်စောင့်နင်း လိုက် တယ်။ဒါကကျွန်တော့်အကျင့်။ပြီးမှတလိမ့်ခြင်းလှိမ့်ထွက်လိုက်တယ်။ သတိထားလိုက်မိတဲ့ အမေက ထုံးစံအ တိုင်း ဖြည်းဖြည်းမောင်းဖို့ လှမ်းအော်ပြီးပြောလေရဲ့ ....
ဒါပေမဲ့ ကျွန်တော့်စိတ်က တရုတ်နှစ်သစ်ကူးညမှာ ကားရှောက်မောင်းဖို့ပဲ စိတ်စောနေတော့ အမေလှမ်းအော်ပြီး ပြောတာလည်း မကြားတချက် ၊ကြားတချက်ရယ် ။ ကမ်ဘာအေး ဘုရားလမ်း အတိုင်း မြို့ထဲဘက်ကို အရှိန် မြင့်ပြီးမောင်းလိုက် အရှိန်လျော့မောင်းလိုက်နဲ့ပေါ့ ။ သိပ်အဝေးကြီးလည်း မမောင်းရဲသေးတာ့ ဆီဒိုနားကို ဗဟိုထားပြီး ပတ်မောင်းနေလိုက်သည် ။ ဒီနားပတ်ဝန်းကျင်က စည်ကားတော့ နည်းနည်းသတိထား မောင်းနေ မိသည်။ ဆီဒိုနား မီးပွိုင်ရောက်တော့ ရန်ကင်းပြန်ဖို့အတွက် ဘယ်ကွေ့ရန် အချက်ပြမီးကိုဖွင့်ထားလိုက်သည်။မီးပွိုင့်လည်း ၀ါသွားတော့ ဘရိတ်နင်းလိုက်ပြီး ဆီဒိုနား အလှ၊ မြကျွန်းသာ အလှကိုခံစားနေမိသည်။ နောက်ကား မီးကြီးထိုးမှပဲ မီးပွိုင့်စိမ်းမှန်း သတိရလိုက်သည်။ လမ်းမှန်ကားတွေ ဦးစားပေးပြီး ဘယ်ဘက်ဆွဲကွေ့လိုက်သည်။ ဒီအချိန်မှာ အုန်းဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ကို တယောက် ယောက်က နား ပန်ကျင်းလိုက်သလို ခံစား လိုက်ရပြီး ကားလည်းလာရာလမ်းကို ဦးတည်ပြီး ရပ်သွားတယ် ။ မျက်စိထဲမှာလည်း ကြယ်တွေလင်းလက်သွားသလိုဘဲ။ ကောင်းကောင်းပြန်မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော့်ကား ဆူပါဆလွန်း လေး ဘောနပ်ကခေါက်လျက်နဲ့ အသက်ကင်းမဲ့နေပါပြီ ။ ဒီတော့မှ ကျွန်တော် ဘာဖြစ်သွား တယ်ဆိုတာ နားလည်သွားတယ်။ ပထမဆုံးပြေးမြင်မိတာ အဖေ့မျက်နှာပါ။ အဖေဆူမှာကိုစိုးရိမ်မိတဲ့ ကျွန်တော် တော်တော် လေးအားငယ်မိပါတယ် ။ ဒုတိယပြေးမြင်မိတာ အမေ့မျက်နှာပါ ။ ကွေ့ကားဖြစ်တဲ့ ကျွန်တော်ကား ဆူပါဆလွန်းနဲ့ မီးပွိုင့်လွတ်အောင် အရှိန်ပြင်းစွာမောင်းလာတဲ့ လမ်းမှန်ကား ဖင်ကောက်ကား တို့ ဆီဒိုနားမီးပွိုင့်မှာအားရပါးရ နမ်းမိသွားပါတယ်။ ဒီအဖြစ် အပျက်ကရှောင်လို့ မရတော့ အဖေ့ကိုပြေးပြော ရတော့တာပေါ့ ။ ငယ်တုန်းကလို မိဘရင်ခွင်မှာ ၀င်ခွေ့လိုက်ရင် ပျောက်သွားမယ့် အပြစ်တွေမဟုတ်တော့ ပေးသမျှအပြစ်ခံ မယ်လို့ရင်ဝယ်ပိုက်ပြီး အဖေ့ကိုဝင်တွေ့လိုက်တယ်။ အဖေ့ကိုရှင်းပြလိုက်တော့ ကျွန်တော့်ကို တော်တော် စိတ်ပူသွားတယ် ။ ကံကောင်းခြင်တော့ ကျွန်တော် ဒဏ်ရာ တချက်မှမရလိုက်လို့ အဖေက ကားတိုက်မှန်း မသိလိုက်တာပါ ။ အဖေက ကျွန်တော့် ကိုလုံးဝမဆူတဲ့အပြင် မသေကောင်း မပျောက်ကောင်း လို့ ပြန်တွေ့ရတာ ၊ အဖေ ရှင်းပေးပါ့ မယ်ဆိုပြီး ကျွန်တော် နဲ့လိုက်ခဲ့ပါတယ်။ ည ၇း၃၀ မှာ ကားတိုက်ပြီး အ မှုဖြစ်တာ နောက်နေ့မနက် ၃း၀၀ မှ အိမ်ပြန်ရတယ်။ ဟိုဘက်ကလည်း သောက်ပြီးမောင်းလာတာက တ ကြောင်း၊ ယဉ်မောင်းလိုင်စင် ချက်ချင်းမပေးနိုင်တာတကြောင်း ။ ကောင်မလေးတွေက အိမ်ကကားကိုထားပြီး ကောင်လေး တွေနဲ့လိုက်လာတာတကြောင်း၊ကျိုးပဲ့ ဒဏ်ရာမရတာ တွေကြောင့် အမှူက သိပ်မကြီးကျယ်လိုက် ဘူး။အမေ ကကျွန်တော့်ကိုဆူချင်နေပေမဲ့ အဖေ့ကြောင့် မဆူတော့ပါဘူး။ မိဘတွေရဲ့မေတ္တာက သိပ်ကြီးမား ပါတယ် ။ ကျွန်တော့်ကိုမဆူတဲ့အပြင် ဒဏ်ရာရမှာကိုတောင် စိတ်ပူနေကြပါသေးတယ် ။ လူမသေ ငွေမရှားဘူး လို့ အဖေက ပြောပြီး ကားသော့ကို ကျွန်တော့ကိုပြန်ပေးလိုက်ပါတယ်။ ကျွန်တော်ကာားတော့မကြောက်ဘူး ။ ဒါပေမဲ့ မောင်းချင်တဲ့စိတ်ကတော့ မရှိတော့ဘူး ။နောက်ပြီး မိဘကိုလည်း အားနာတယ် ။ ကျွန်တော့် ကြောင့်လည်း ငွေတော်တော်ကုန်သွားတယ်။ ဒီကားတိုက်မှုမှာ ကျွန်တော် ယုံကြည်မိတာ ၂ခုရှိတယ်။ ၁ ခုက မိဘမေတ္တာဟာ အတိုင်းအဆမရှိ ကြီးမားတယ် ။ ခွင့်လွှတ်နိုင်မှုစွမ်းအားကလည်း ကြီးမားတယ်။ မေတ္တာဆိုတာ ရေစုန် ၊ရေဆန် ရှိတယ် ၊ အရေးကြီးရင် သွေးနီးတယ် ဆိုတာဘဲ ။ နောက် ၁ ချက်က မြန်မာနိုင်ငံမှာနေရင် ဒေသအလိုက် ယုံကြည်ကြတဲ့ နတ်တွေ ၊ အစောင့်တွေ တကယ် ရှိ တယ် ဆိုတာ ကိုဘဲ ၊၊ ယုံချင်ယုံ မယုံချင်လည်း ကျွန်တော့် ကိုယ်တွေ့ကိုပြောပြလိုက်မယ်။ ကျွန်တော်ကားတိုက်တာ ည ၇း၃၀ ။ အဲ့ဒီနေ့မှာဘဲ မနက်ကတည်း ကျွန်တော် ကားတိုက်တဲ့ ည ၇း၃၀ အထိ ယာဉ်တိုက်မှု ၅ မှု ။ ဆီဒိုနားရှေ့မှာ ကျွန်တော့်ကိုစစ်နေတုန်း ကား၂စီး သီသီ လေးထပ်လွတ်သွားသေးတယ်။ ကျွန်တော်ပြီး နောက် ၁ မှု က လူသေပါတယ်။ ဒီယဉ်တိုက်မှုအားလုံးဟာ တပုံ စံထဲပါ ။ ဘုရားမလို့ ကျွန်တော် ကခေါင်း ချင်း ဆိုင် တိုက်ပြီး အသက်ဘေးကလွတ်လာတာပါ။ ဒဏ်ရာတောင်မရ ပါဘူး။ ကား ကညာ မောင်းဆိုတော့ တိုက်ရင် သူ့ကား ခေါင်းနဲ့တည့်နေပါတယ် ။ ခါင်းချင်းဆိုင်တိုက်လိုက်လို့ သာလွတ်လာတာပါ။ နောက်နေ့မှာ အဲ့ဒီနေရာကို ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်တယ်လို့ကြားပါတယ်။ ဒါဟာတကယ့်အဖြစ်အပျက်ပါ။ ကျွန်တော့်ရေး တာ လေးကို ကြည့်ပြီးသင်ခန်းစာယူနိုင်ကြပါစေ ။ ဒီကိစ္စပြီးတော့ ကျွန်တော်စီစဉ်ထားတဲ့ နိုင်ငံခြားထွက်ဖို့ကို ဖျက် ပစ်လိုက် ပါတယ်။ ဘာလို့ဆိုတော့ မေတ္တာဆိုတာ ရေစုန် ၊ ရေဆန် ရှိတယ်လို့ယုံကြည်လိုပါ.....

No comments:

Powered By Blogger